တောင်ဒဂုံမြို့နယ်၊ ရာဇသင်္ကြန်လမ်း (၁၄၄)ရပ်ကွက်၊ အမှတ်(၈၀)ဂိုဒေါင်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်မှုအောက်ရှိ တောင်ဒဂုံမြို့နယ်၊ ရာဇသင်္ကြန်လမ်း (၁၄၄)ရပ်ကွက်၊ အမှတ်(၈၀)ဂိုဒေါင်အတွင်း ယာဉ်အမှတ်၊ 2C/7625 (ISUZU Light Truck၊ အဖြူရောင်၊ ၆ ဘီး)နှင့် 6F/9740(ISUZU Truck၊ အဖြူရောင်၊ ၆ ဘီး)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား၊ ပိတောက်တံခါးချပ်/ပိတောက်ပွတ်လုံး (၈၈၃၀)ချောင်း (၆၁.၈၈၉)တန်အား ဖမ်းဆီးရမိခဲ့သဖြင့် တရားခံ(၁)ဦးနှင့်အတူ ဆက်စပ်တရားခံ(၆)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00