မော်လိုက်မြို့နယ်၊ မော်တုံကြီးကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၃-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်တုံကြီးကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/တမလန်းသစ်/ခွဲသား(၃၀)လုံး/ချောင်း (၈.၂၈၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00