မော်လမြိုင်ကျွန်းမြို့နယ်၊ လင်းနေချောင်းကျေးရွာနှင့် ကြောင်ထောက်ကျေးရွာ တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ လင်းနေချောင်းကျေးရွာ ဦးစိုးပိုင်၊ ဦးကျော်ကျော်၊ ဦးစိုးထွဋ် တို့၏ အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းနှင့် လယ်ကွင်းအတွင်း၊ တန့်ငူကျေးရွာအုပ်စု၊ ကြောင်ထောက်ကျေးရွာ ဦးဝင်းအောင် ၏အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းတို့တွင် တရားမဝင် တောင်သရက်ခွဲသား(၃၀၁)ချောင်း (၃၅.၂၁၈၆)တန်အား တရားခံ(၇)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00