ပြင်ဦးလွင်မြို့နယ်၊ သစ်တပင်ကန်(အထက်ကန်)တွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ထင်းများ ဖမ်းဆီးရမိ

၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ သစ်တပင်ကန်(အထက်ကန်)တွင် မော်တော်ယာဉ်အမှတ်မပါ(လေးလုံးထိုး) (အစိမ်းရင့်ရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်မပါ(လေးလုံးထိုး)(အစိမ့်ရင့်ရောင်)ယာဉ်(၂)စီးပေါ်မှ တရားမဝင်ထင်း(သစ်ယား၊ သဖန်းသား) စုစုပေါင်း (၆.၉၃၀၀)တန်၊ လက်ကိုင်စက်လွှ(၂)လက်တို့အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 7, 2020 - 09:45