ရေကြည်မြို့နယ်၊ ငဝန်မြစ်အတွင်း စက်လှေ(၃)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှီ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာနေရာနှင့် နှောကုန်းအုပ်စု၊ ဒွါရစုကျေးရွာအနောက်ဘက် ငဝန်မြစ်အတွင်းနေရာတို့မှ စက်လှေ(၃)စီးပေါ်နှင့် တရားမဝင်တောင်သရက်ခွဲသား (၃၁၁)ချောင်း (၆၄.၄၂၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00