ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာ ရေတံခါးအနီး ပဲ့ထောင်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ ရေကျော်တိုးအုပ်စု၊ ရေကျော်တိုးကျေးရွာ ရေတံခါးအနီး ပဲ့ထောင်(၁)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၃၈၆)ချောင်း (၁၁.၂၁၈၈)တန်အား အင်ဂျင်(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 11:30