ကျွန်းစုမြို့နယ်၊ ကိုလန်ကျွန်းအနီးဝန်းကျင်မှ တရားမဝင်သစ်၊ မျောနှင့် စက်လှေ(၂)စီး ဖမ်းဆီးရမိ

တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးလင်းသော်ဦး(ရေ-၄၅၀၇) ဦးစီးသောအဖွဲ့မှ (၇.၄.၂၀၂၀)ရက်နေ့၊ (၁၂:၁၀)နာရီချိန်တွင် ကျွန်းစုမြို့နယ်၊ ကိုလန်ကျွန်းအရှေ့မြောက်ဘက် (၁.၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ တင်ဆောင်ထားသောစက်လှေ(၁)စီးအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ဆက်လက်၍ (၁၂:၂၀)နာရီ ချိန်တွင် ကိုလန်ကျွန်းအရှေ့ မြောက်ဘက် (၂.၈)မိုင်ခန့်အကွာနေရာမှ ဒီရေတာမျော(၂၀၉)လုံး တင်ဆောင်ထားသော စက်လှေ (၁)စီးနှင့် တရားခံ(၃)ဦး၊ စုစုပေါင်း တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ မျော(၂၀၉)လုံး၊ စက်လှေ(၂)စီး၊ တရားခံ(၅)ဦး ဖမ်းဆီးရမိပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 10:45