မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာအနောက်ဘက်နေရာများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်နားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပိတောင်ဘေးမဲ့တောမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာအနောက်ဘက်နေရာများမှ တရားမဝင် အခြားသစ် (၆၉)လုံး(၄၆.၇၈၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15