ထီးချိုင့်မြို့နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်

၁၀-၄-၂၀၂၀ ရက်နေ့တွင် ထီးချိုင့်မြို့နယ်မြောက်ပြင်ဘိနယ်အတွင်း ဦးစီးအရာရှိပါဝန်ထမ်း(၆)ဦးမှ တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ကလုံကြိုးဝိုင်းအကွက်အမှတ်(၄၇)အတွင်း တရားမဝင်သစ်စက်အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၃)မျိုး တရားမဝင်ကျွန်းသစ်(၁၂)လုံး(၁.၉၀၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15