သစ်တောဦးစီးဌာန၏ “The Restoration Initiative (TRI) Myanmar” စီမံကိန်းဆိုင်ရာ အချက်အလက်များ

 TRI-Myanmar စီမံကိန်းသည် ပျက်စီးပြုန်းတီးသွားသော သစ်တောများနှင့် မြေဧရိယာများ အား ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ မြှင့်တင်ရန်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးအခြေအနေများ တိုးတက်လာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ပါသည်။
 အဓိကရည်မှန်းချက်မှာ-
ဒေသခံ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံတွင် သစ်တောများပျက်စီးပြုန်းတီးနေမှုအား ထိန်းချုပ်ရန်နှင့် ပြန်လည်ပြုစုပျိုးထောင်နိုင်ရန် ဖြစ်ပါသည်။
 စီမံကိန်း ရလဒ်များမှာ-
ရလဒ် (၁) မြို့နယ်(၆)ခုအတွက် ပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းပညာလမ်းညွှန်ချက်အစီအစဉ်များအား ဆောင်ရွက်ရန်
ရလဒ် (၂) သဘာဝထိန်းသိမ်းရေးနယ်မြေ(၂)ခု၊ ရေဝေရေလဲဧရိယာ(၁)ခု အတွက် ရေမြေတောတောင်ဝန်းကျင် ပြန်လည်ထူထောင်ရေး စီမံချက်အား ဆောင် ရွက်ရန်၊
ရလဒ် (၃) သစ်တောပြုန်းတီး၍ တောအဆင့်အတန်းကျဆင်းနေသော ဧရိယာ ဟက်တာ (၉,၀၀၀၀) အား ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊
ရလဒ် (၄) ကာဗွန်ထုတ်လွှတ်မှုတန်(၃)သန်းအားလျော့ချနိုင်ရေးအတွက်ဆောင်ရွက်ရန်။
 စီမံကိန်းကာလ
စီမံကိန်းကာလမှာ (၄)နှစ်ဖြစ်ပြီး GEF-6မှ ထောက်ပံ့မည့်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂,၆၅၂,၂၉၃ (နှစ်သန်းခြောက်သိန်းငါးသောင်းနှစ်ထောင်နှစ်ရာကိုးဆယ်သုံး) သုံးစွဲသွားမည် ဖြစ်ပါသည်။
ဆောင်ရွက်မည့် ပင်မလုပ်ငန်းများ
 မူဝါဒဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
 ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေးအစီအစဉ်များနှင့် ကနဦး ဆောင် ရွက်ချက်များအား အကောင်အထည်ဖော်ခြင်း။
 ခိုင်မာသည့် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ရန်ပုံငွေအရင်းအမြစ်များ ရှာဖွေဖော်ထုတ် ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း။
 အသိပညာဗဟုသုတများဖြန့်ဖြူးခြင်း၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း။

စီမံကိန်းဆောင်ရွက်မည့်နေရာနှင့်ဆောင်ရွက်မည့်လုပ်ငန်းများ
စီမံကိန်းဆောင်ရွက်မည့်နေရာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ကောလင်း၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက်မြို့နယ်များတွင် ဆောင်ရွက်ရန်လျာထားလျက်ရှိပါသည်။

Workplan (ဆောင်ရွက်မည့်လုပ်ငန်းများ)
အဓိကလုပ်ငန်းများအကြောင်းဖော်ပြချက်
(၁) မူဝါဒများပေါ်ထွက်လာစေခြင်းနှင့် တိုးတက်လာစေခြင်း
MRRP (Myanmar Reforestation and Rehabilitation Programme) (မြန်မာ နိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း) အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် နည်းပညာများပံ့ပိုးပေးခြင်း၊ စီမံကိန်းစီမံခန့်ခွဲမှုကော်မတီ (Project Steering Committee) ဖွဲ့စည်းခြင်း၊ စီမံကိန်းအကြံပေးအဖွဲ့ (Technical Advisory Group) ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ရန် လျာထားလျက်ရှိပါသည်။
(၂) ရေမြေတောတောင်ဝန်းကျင် ပြန်လည်ပြုစုပျိုးထောင်ရေးအစီအစဉ်များနှင့် ကနဦးဆောင် ရွက်ချက်များအား အကောင်အထည်ဖော်ခြင်း
သစ်တောလုပ်ငန်းဖြစ်သည့် စိုက်ခင်းဟောင်းများ ပြုစုထိန်းသိမ်းခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ ဓမ္မတာမျိုးဆက်ဆောင်ရွက်ပေးခြင်း၊ ကြိုးဝိုင်းနယ်နိမိတ် ပြင် ဆင်ခြင်း၊ အကွက်နယ်နိမိတ်ပြင်ဆင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည် ထောင်ခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ(၂)ခု (ချပ်သင်းဘေးမဲ့တော၊ အဆိုပြု ဇလုံ တောင်အမျိုးသားဥယျာဉ်) တွင် ဇီဝမျိုးစုံမျိုးကွဲများအား လေ့လာဆန်းစစ်ခြင်း၊ ဒေသခံ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၎င်းတို့၏လူနေမှုဘဝ မြင့်မားလာ စေရန်သင်တန်းများပေးခြင်း (ဥပမာ-ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည် ထောင်ခြင်း ဆိုင်ရာ သင်တန်းများ) ၊ Carbon ထိန်းချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်း ၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း အစရှိသည့်လုပ်ငန်းများ ဆောင်ရွက် ရန် လျာထားပါသည်။
(၃) ခိုင်မာသည့်အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ရန်ပုံငွေ အရင်းအမြစ်များရှာဖွေဖော်ထုတ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ပြန်လည်ပြုစုပျိုးထောင်ရေးအခွင့်အလမ်းများကို အကဲဖြတ်ခြင်းနည်းပညာများ အသုံးပြု၍ တိုင်းဒေသကြီးအဆင့်/မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ရေဝေရေလဲ ဒေသနေရာ သတ်မှတ်၍ PES (Payment for Ecosystem Services) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေ(၂)ခု (ချပ်သင်းဘေးမဲ့တော၊ အဆိုပြု ဇလုံတောင်အမျိုးသားဥယျာဉ်) တွင် ပြန်လည်ပြုစုပျိုးထောင်ရေး အခွင့်အလမ်းများ ကို အကဲဖြတ်ခြင်းနည်းပညာများ အသုံးပြု၍ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ဆောင်ရွက်ရန် လျာထားလျက်ရှိပါသည်။

(၄) အသိပညာဗဟုသုတများဖြန့်ဖြူးခြင်း၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း
ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုး ရေးနည်းစနစ်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ ဒေသခံတောင်သူများအား သင်တန်းများပေးခြင်း (Farmer exchange)၊ ဒေသခံတောင်သူအချင်းချင်း အသိပညာများဖလှယ်ခြင်း၊ ရေမြေတော တောင်ဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်းသည့်အသိပညာဗဟုသုတများ ဖြန့်ဖြူးခြင်း၊ ဒေသခံအကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၎င်းတို့၏ လူနေမှုဘဝ မြင့်မားလားစေရန် သင်တန်းများပေးခြင်း (ဥပမာ- ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည် ထောင်ခြင်းဆိုင်ရာ သင်တန်းများ)၊ စီမံကိန်းအား စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်း (Monitoring and Evaluation) များ ဆောင်ရွက်ရန် လျာထားလျက်ရှိပါသည်။
စီမံကိန်းကာလ
လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု သဘောတူညီချက်တွင် လက်မှတ်ရေးထိုးသည့်နေ့ မှစ၍ သဘောတူညီချက် အပိုဒ် ၁၆ နှင့် ၁၉.၅ တို့အရ စီမံကိန်းရပ်တန့်ခြင်း သို့မဟုတ် စီမံကိန်း ကာလတိုးချဲ့ခြင်းတို့မှအပ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် (စီမံကိန်း ပြီးဆုံးသည့်နေ့ရက်) အထိ အပြည့်အဝ အကျိုးသက်ရောက်နေမည်ဖြစ်သည်။

Estimated Budget
စဉ် ပထမနှစ် (USD) ဒုတိယနှစ် (USD) တတိယနှစ် (USD) စတုတ္ထနှစ် (USD) စုစုပေါင်း (USD)
လျာထား ဘတ်ဂျတ် ၆၄၄,၈၂၉ ၆၈၉,၆၂၅ ၇၁၆၂၁၆ ၆၀၁၆၂၃ ၂၆၅၂,၂၉၃

date: 
Tuesday, April 21, 2020 - 12:45