ရေတာရှည်မြို့နယ်၊အနောက်ဆွာကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တော ဝန်ထမ်းများ၊ အမှတ်(၈၄)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းထက်ဦး ဦးစီး တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များ၊ သစ်ထုတ်ရေးဒေသဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၂၉.၂၄၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:00