ဟုမ္မလင်းမြို့နယ်၊ တာမောင်ကျေးရွာအနီးတွင်တရားမဝင်သစ်များဖမ်းဆီရမိ

၁၁-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာအုပ်စုတာမောင်ကျေးရွာအနီးချင်းတွင်းမြစ် ကမ်းဘေးနေရာတွင် တရားမဝင် ကျွန်းခွဲသား(၇၆)ချောင်း (၁.၀၆၇၀) တန် (၃')အောက် ကျွန်းသစ်လုံး(၁၃)လုံး
(၀.၂၉၀၀) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:15