အင်္ဂပူမြို့နယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်

၁၁-၄-၂၀၂ဝ ရက်နေ့၌ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော၀န် ထမ်းများနှင့် ထူးကြီးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတပ်ကြပ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့ နယ်၊ ထူးကြီး-အင်္ဂပူလမ်း ထူးကြီးမြို့အနီး၌ ဦးရန်နောင် မောင်းနှင်လာသောTE (ခေါင်းစိမ်း) ၃ခ/ ၆၂၆၅ ကားပေါ်မှ တရားမဝင် အခြားခွဲသား(၄၈) ချောင်း (၄.၃၀၇၆) တန် ဖမ်းဆီးရမိခဲ့ပါသည်။
သစ်ပိုင်ရှင်/ယာဉ်ပိုင်ရှင်/ယာဉ်မောင်း ဦးရန်နောင် (ထန်းတောရပ်၊ကြံခင်းမြို့)၊ယာဉ်နောက်လိုက် ဦးရန် အောင်(ချောင်းဂွကျေးရွာ)၊သစ်တင်/ချလုပ်သားများ ဖြစ်သော ဦးညွန့်ဝင်း (မြစ်ကျိုးကျေးရွာ)၊ ဦးသက် ဝေအောင် (မြစ်ကျိုး ကျေးရွာ)၊ ဦးသက်ဝေဖြိုး (ချောင်းဂွကျေး ရွာ) တို့အား သစ်တောဥပဒေ ပုဒ်မ၄၁(က)ဖြင့် ထူးကြီးနယ် မြေရဲတပ်ဖွဲ့စခန်းတွင်အမှု ဖွင့်လှစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

date: 
Thursday, April 23, 2020 - 13:15