ကသာခရိုင်အတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်

၁၂-၄-၂၀၂၀ ရက်နေ့တွင် ကသာခရိုင်လက်ထောာက် ညွန်ကြားရေးမှူးဦးဆောင်သော ခရိုင်နှင့် မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့မှ အင်းတော်မြို့အတွင်း တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ဂဟဲကြိုးဝိုင်းအကွက်အမှတ် (၃၇)အတွင်းမှကျွန်းသစ်/၃ပေ အောက် ကျွန်းသစ်/ကျွန်းခွဲသား(၂၆၄)လုံး/ချောင်း (၁၂.၉၀၂၈) တန်၊ သစ်စက်အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 09:45