မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၄-၄-၂၀၂၀)ရက်နေ့ (၁၆:၄၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ်(၇)၊ ရှူးချောင်းနှင့်ဘိုငယ်ချောင်း ဆုံရာအနီးနေရာတွင် တရားမဝင်ကျွန်းခွဲသား (၂၀)ချောင်း (၁.၆၄၄၀တန်)အား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးပစ္စည်းများအားလုံး လုံခြုံရာသို့ သယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ကှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိကောက်စွာအရေးယူဆောင်ကွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 11:15