ကန့်ဘလူမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ သော်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၄.၄.၂၀၂၀)ရက်နေ့ (၁၇:၄၅)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီအရာရှိဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နယ်၊ သော်ကြိုးဝိုင်းအကွက်အမှတ် (၉၁)အတွင်းမှ သစ်စက်နှင့်ဆက်စပ်ပစ္စည်း(၁၃)မျိုး၊ သစ်ခွဲသားနှင့် သစ်လုံး စုစုပေါင်း (၁၅၇)လုံးIချောင်း (၃.၃၅၆၆)တန်၊ ချိန်းဆော (၁)လက်၊ ဂျီသားရေ(၈)ချပ်၊(၄၅)ပေါင်ဝင်မီးသွေး(၁၄၄)လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:15