အရာတော်မြို့နယ်၊ မလဲသာကျေးရွာအနီး မော်တော်ယာဉ်(၁)စီးနှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

၁၅-၄-၂၀၂၀ ရက်နေ့ နံနက်(၀၄:၃၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ(အရာတော်)၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရာတော်မြို့နယ်၊ မလဲသာကျေးရွာအနီး မော်တော်ယာဉ်အမှတ်မပါ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်ယာခွဲသား (၁၈၅)ချောင်း၊ (၉.၄၅၆၄)တန်အား ဖမ်းဆီးရမိခဲ့သဖြင့် သစ်နှင့်မော်တော်ယာဉ်ကို အရာတော်မြို့မရဲစခန်းတွင် အပ်နှံသိမ်းဆည်းထားရှိပြီး တရားခံအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:30