ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၆-၄-၂၀၂၀)(၁၅:၀၀)နာရီ တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့ သည်မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပင်လောင်းမြို့နယ်၊ ထာငိုကျေးရွာအနီး၊
တုံဟုမ်း-ပင်လောင်းသွားကားလမ်းမှ တောင်ဘက် ၃ဖာလုံခန့်အကွာနေရာ၌ တရားမဝင်ထင်းရှူးသစ်လုံး(၁)လုံး၊တိုင်(၂၅)လုံး၊ ခွဲသား (၃၃၂)ချောင်း ၊ စုစုပေါင်း (၂.၄၉၃၂)တန် နှင့် (၃)ပေ လွှဝိုင်း (၁)ဝိုင်း၊ မြင်းကောင်ရေ (၂၂)ကောင် တရုတ်နီအင်ဂျင် (၁) လုံး၊
(၃၀)ပေ အရှည် ပတ်တားကြိုး(၁)ချောင်း
တပ်ဆင်ထားသည့် သစ်စက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ သစ်များအား ပင်လောင်းဘိနယ်စခန်းတွင်သိမ်းဆည်းထားရှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:30