မင်းကင်းမြို့နယ်၊ ဘင်ကျွန်းဆိပ်ကမ်းတွင် တရားမဝင်သစ်ဖောင်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ(၁၆-၄-၂၀၂၀)ရက်နေ့တွင် မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်၊ ဘင်ကျွန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းဖောင်တွဲများအား စစ်ဆေးခဲ့ပြီး (၁၇-၄-၂၀၂၀)ရက်နေ့တွင် ထပ်မံသတင်းပေးပို့ချက်အရ ဆက်လက်ရှာဖွေရာ ၎င်းဖောင်တွဲများနှင့် ပေ (၁၀၀) ခန့်အကွာနေရာ၌ ရေအောက်နစ်မြှုပ်ထားသည့် တရားမဝင်သစ်ဖောင်တွဲ(၂)တွဲ (၄၀) တန်ခန့်နှင့် ရေပေါ်၌ ဖောင်တွဲ (၁)တွဲတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လျက် ဆက်စပ် ဧရိယာဝန်းကျင်နေရာများကို ဆက်လက်ရှာဖွေလျက်ရှိပြီး တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရှိပါသည်။

date: 
Friday, April 24, 2020 - 13:30