မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာအနီးတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၈.၄.၂၀၂၀)ရက်နေ့တွင် နယ်မြေလုံခြုံရေးတပ်စု(၁)မှ ခွဲတကက သိန်းမင်းဇော် ဦးစီး(၁)စိတ်အဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် ခေါတောကျေးရွာ၏ အရှေ့ဘက်(၄)မိုင်ခန့် အကွာ နေရာတွင် ယာဉ်အမှတ်မပါ အယ်ဇူး (အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၅၈၃)တုံး၊(၆.၆၇၆၈)တန်နှင့် ယာဉ်အမှတ်မပါ ၊ယမ်းဖောင်(အစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၅၆)တုံး၊ (၁.၀၁၉၂)တန် စုစုပေါင်း ကျွန်းခွဲသား (၆၃၉)တုံး၊(၇.၆၉၆)တန်၊ တရားခံ(၃)ဦး၊ ယာဉ်(၂)စီးတို့ ဖမ်းဆီးရမိခဲ့ပြီး (၁၉.၄.၂၀၂၀)ရက်နေ့ (၁၅း၁၅)နာရီတွင် မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါသဖြင့် တရားခံ(၃)ဦးနှင့် ယာဉ်(၂)စီးအား သက်ဆိုင်ရာရဲစခန်းတွင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:45