ကျွန်းလှမြို့နယ်၊ နောင်ကောက်ကျေးရွာ၏အနောက်မြောက်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလှိုင် ဦးဆောင်သည့် သစ်တောဝန်ထမ်းများအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နောင်ကောက် ကျေးရွာ၏အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာခွဲသား (၆၅၉)ချောင်း (၁၀.၁၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:45