ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၂၄)အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၄-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာန၊ ဦးစီးအရာရှိ ဦးထွန်းသန်းဦး ဦးဆောင်သောအဖွဲ့ နှင့် နေပြည်တောင်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၂၄)၊ နေပြည်တော်-တောင်တွင်းကြီး ကားလမ်း(၂၈/၀)မိုင်အနီး မော်တော်ယာဉ် အမှတ် (MDY 1M/7562) LIFAN A6၊ (MDY 4P/7195) FORLAND ယာဉ်(၂)စီးပေါ်မှ တရားမဝင် ဇောင်းပလွေး/သက်ရင်းကြီး/ဒီးဒူး/ချဉ်ယုတ်/ဂွေးထင်း (၆.၃၇၅၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 14:00