ကျောက်ဆည်မြို့နယ်၊ ရမန်းချောင်း တစ်လျှောက်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၆-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်နှင့် ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများစစ်ကြောင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ရမန်းချောင်း တစ်လျှောက်နယ်မြေရှင်းလင်းရာ တရားမဝင်ကျွန်းသစ်/ခွဲသား (၃၀)လုံး/ချောင်း (၈.၁၅၂၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 13:45