ကျောက်ဆည်ခရိုင် ရဲရမန်းကြိုးဝိုင်း၊ ရဲရမန်းဆည်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၂၉-၄-၂၀၂၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော တိုင်း/ခရိုင်/ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း အဖွဲ့သည် ရဲရမန်းကြိုးဝိုင်း အကွက်အမှတ် ၂၄၈ မြွေသတ်မြောင် ဆူးပုတ်ချောင်းအနီး တွင် ကျွန်း ခွဲသား ၁၀ ချောင်း (၀.၉၃၄၆) တန် ၊ ကျွန်း/ပိ တောက်ခွဲသား ၁၉ ချောင်း (၁.၁၉၂၆ )တန် ဖမ်းဆီးရမိခဲ့ပြီး
ဆက်လက်၍ ရဲရမန်းဆည်အတွင်း ကျောက်ဆည်ခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူး နှင့် တိုင်း/ခရိုင်/ မြို့နယ် သစ်တော ဦးစီးဌာနမှ ဝန်ထမ်း အဖွဲ့နှင့် ပြင်ဦးလွင် နယ်မြေ ခံဝန်ထမ်း ၃ ဦးသည် ဝါးနက်ဘိနယ် ကြက်သူငယ်ချောင် ရဲရမန်းဆည်အတွင်း ကမ်းစပ်၌ မြုပ်နှံထားသော ကျွန်းသစ်လုံး/ ခွဲသား စုစုပေါင်း ၉၀လုံး/ချောင်း ခန့် မှန်းတန်( ၂၀)တန်ခန့် အား ဖမ်းဆီးရမိပါကြောင်း နှင့် ဆက်စပ်ပတ်သက်သောတရားခံများကို ရှာဖွေ ဖော်ထုတ်၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 4, 2020 - 13:00