ပုသိမ်မြို့နယ်အတွင်း စက်လှေ/ပဲ့ထောင်(၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဂမုန်းကွင်း(အထက်၊ အောက်)၊ သာပေါင်းလေးတစ်ဖက်ကမ်း၊ ရှောပြာချောင်း ဝဲကြီးဒေါင့်ကွေ၊ ကင်ပွန်းချဉ်ရပ်၊ ရေကျော်ချောင်းအတွင်းနှင့် ဇင်ပြွန်းကုန်းကျေးရွာအနီး ငဝန်မြစ်ကမ်းဘေးနေရာတို့၌ ပဲ့ထောင်(၂)စီး၊ စက်လှေ(၁)စီးတို့နှင့်အတူ တရားမဝင်တောင်သရက်/ဘောင်ဆန့်သစ်/ခွဲသား (၄၃၅)လုံး/ချောင်း (၄၈.၀၆၄၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 7, 2020 - 10:45