ဥတ္တရသီရိမြို့နယ်၊ တောင်ညို-တက်ရှိန်းဘိနယ်၊ တောင်ညိုကြိုးဝိုင်း၊ ကြီးပွားကျေးရွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကြီးပွားကျေးရွာ ကျေးရွာတာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ တောင်ညို-တက်ရှိန်းဘိနယ်၊ တောင်ညိုကြိုးဝိုင်း၊ ကြီးပွားကျေးရွာမှ တရားမဝင် အခြားခွဲသား/ထင်း စုစုပေါင်း (၁၈)ချောင်း/ထင်း (၆.၂၇)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30