လယ်ဝေးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကော်စီနယ်မြေ၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-သစ်ပုတ်ပင်လမ်း၊ ရှမ်းစုရွာအနီးမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်၃ပေအောက်ကျွန်းသစ် စုစုပေါင်း (၃၂)လုံး (၂.၀၉၀၀)တန်အား ဆိုင်ကယ်(၁၀)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 12:30