ပေါက်မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း အကွက် (၅၇)အတွင်း တရားမဝင် သစ်စက်နှင့်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၅-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ် ဦးစီးအရာရှိ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက် မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း အကွက် (၅၇)၊ လယ်မကျေးရွာအနောက်မြောက်ဘက် (၃)မိုင်ခန့် အကွာ၊ မဲချောင်းတောတိုက် အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/နဘဲ/ကုက္ကို ခွဲသား (၁၂၁) ချောင်း (၂.၉၉၃၄)တန်၊ သစ်စက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 12:30