နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း (၄၆.၆၆၆၁)တန်၊ သစ်မာ (၉၃.၁၂၂၉)တန်၊ အခြား (၂၅၉.၉၆၁၀)တန်၊ စုစုပေါင်း(၃၉၉.၇၅၀၀)တန်၊ တရားခံ(၄၅)ဦး၊ယာဉ်/ယန္တရား(၄၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်-
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘောမိဘိနယ်၊ အိုးလှုပ်ချောင်းဘေးနေရာမှ တရားမဝင် တောင်သရက်ခွဲသား (၁၅၈)ချောင်း(၃၃.၁၆၀၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, May 13, 2020 - 13:30