လက်ပံတန်းမြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှီနှင့် သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအကွက် အမှတ်(၆၉၊ ၇၁၊ ၇၆)အတွင်း တရားမဝင်ကျွန်းသစ် (၄၇)လုံး (၁၂.၂၆၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီး ရမိတရားမဝင်သစ်များအား ဘန့်ဘွေးကုန်းစခန်းသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, May 15, 2020 - 13:30