ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးချောင်းလက်တက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းသာဘိနယ်၊ မကျီးချောင်း လက်တက်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် တောင်သရက်သစ်လုံး/ခွဲသား၊ ဘောင်ဆန့် သစ်/ကလောသစ်/သစ်တိုသစ်/သစ်ပျောက်သစ်/သစ်ပုတ်သစ်/ခွဲသား၊ လုံးပတ်(၃)ပေအောက် တောင်သရက် သစ်/သစ်ပုတ်သစ်/ ကလောသစ်/မအူသစ်/သစ်ပျောက်သစ်/ ကျွန်းဖိုသစ်/ ဘောင်ဆန့်သစ်/ ပိန္နဲဖိုသစ်လုံး စုစုပေါင်း (၁၇၆)လုံး/ချောင်း (၂၆.၅၀၃၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:00