ကျွန်းလှမြို့နယ်၊ ရွာသီစံပြကျေးရွာတောင်ပိုင်း နေအိမ်ဝင်းအတွင်းမှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မြို့မ(၁)ဘိနယ်၊ ရွာသီကျေးရွာအုပ်စု၊ စံပြကျေးရွာတောင်ပိုင်း ဦးကျော်တင်၏ နေအိမ် ဝင်းအတွင်း အနောက်တောင်ဘက် ကားဂိုဒေါင်နှင့်တွဲလျက် အဆောက်အဦအတွင်းနှင့် နေအိမ်၏ တောင်ဘက်နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ပျဉ်းကတိုးခွဲသား/အင်ခွဲသားဆိုဒ်စုံ (၁၄၄၉)ချောင်း (၁၄.၅၄၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:15