မဘိမ်းမြို့နယ်၊ နမ့်မဲကြိုးဝိုင်းအကွက်အမှတ်(၉၄)အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၅-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ မဘိမ်းမြို့နယ်၊ နမ့်မဲဘိနယ်၊ နမ့်မဲကြိုးဝိုင်းအကွက်အမှတ်(၉၄)အတွင်းမှ တရားမဝင် ကျွန်းသစ်(၃၃)လုံး (၆.၄၅၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30