ငဖဲမြို့နယ်၊ နယ်ဇောကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၅-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ နယ်ဇောကျေးရွာအရှေ့တောင်ဘက်(၁)ဖာလုံခန့်အကွာနေရာ၌ မော်တော်ယာဉ် အမှတ် (MDY 2M/5291) DYNA (၆)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/အင်ကြင်းခွဲသား (၉၆)ချောင်း (၀.၉၆၉၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, May 22, 2020 - 10:15