ကလေးမြို့နယ်၊ ကံသာယာရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကံသာယာရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ မြသိန်းတန် ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်တရုတ်နီဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ပျဉ်းကတိုး/လက်ပံ/ထောက်ကြန့်/နဘဲခွဲသား (၄၄)ချောင်း (၆.၅၅၇၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 22, 2020 - 13:00