ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ-မန္တလေးကားလမ်း၊ ဂန္ဓမာကျေးရွာအနောက်မြောက်(၁.၅)မိုင်ခန့်အကွာမှ ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့ နယ်၊ မတ္တရာ-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၃)မှ ဂန္ဓမာကျေးရွာအဝင်လမ်းတောင်ဘက်၊ ရွာ၏အနောက်မြောက် (၁.၅)မိုင်ခန့်အကွာနေရာတွင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကညင်/အင်ခွဲသား (၄၉)ချောင်း (၉.၄၉၄၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 12:45