လယ်ဝေးမြို့နယ်၊ အေလာရွာမရပ်ရှိ ဒေါ်သန္တာမိုးခြံဝန်းတွင် သုံးဘီးဆိုင်ကယ် (၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်မှ သစ်တော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာ ရွာမရပ်ရှိ ဒေါ်သန္တာမိုးခြံဝန်းတွင် သုံးဘီးဆိုင်ကယ်(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ် (၁၁၈)လုံး/ ချောင်း/ ခြမ်း (၂.၁၇၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 25, 2020 - 12:45