ကလေးမြို့နယ်၊ ဘုန်းကြိုးဝိုင်းအတွင်းမှ တရားမဝင်ကျွန်း၊ပျဥ်းကတိုးသစ်လုံးများဖမ်းဆီးရမိ

၂၃-၅-၂၀၂၀ ရက်နေ့တွင် ကလေးမြို့နယ်၊သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိဦးဆောင်၍ သစ်တောဝန်ထမ်း(၈)ဦးဖြင့် ဘုန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာမြောက်ပိုင်းဘိနယ်၊ ၅၅မိုင်ကျေးရွာ၊အရှေ့မြောက်ဘက်(၃)ခန့်အကွာ ဘုန်းကြိုးဝိုင်း၊ အကွက်အမှတ်-(၆၉) အတွင်းမှတရားမဝင် ကျွန်းသစ် ၈ လုံး (၃.၇၃၄)တန်၊ ပျဉ်းကတိုးသစ် ၄ လုံး (၁.၃၃၈) တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၁၂ လုံး၊ (၅.၀၇၂)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ရှာဖွေရာ (၁၉:၃၀)နာရီအချိန်တွင် တရားမဝင် ကျွန်းသစ် ၁၈ လုံး(၆.၈၇၈)တန်၊ ပျဉ်းကတိုးသစ် ၆ လုံး(၁.၉၄၀)တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၂၄ လုံး၊ (၈.၈၁၈)တန်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 25, 2020 - 13:00