မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊အရှေ့ရိုးမကြိုးဝိုင်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး၏သတင်းချပြချက်အရ သရက်ခရိုင်၊ လ/ထညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့်၂၃-၅-၂၀၂၀ ရက်နေ့ တွင် ဆင်ပေါင်ဝဲမြို့နယ်ဦးစီးအရာရှိပါဝန်ထမ်း(၄)ဦး၊အောင်လံမြို့နယ်ဦးစီးအရာရှိပါဝန်ထမ်း(၅)ဦး၊သရက်ခရိုင်စစ်ကြောင်းအဖွဲ့မှတောအုပ်ကြီးပါ(၄)ဦး၊ဆင်ပေါင်ဝဲနှင့်အောင်လံမြို့နယ်မှသစ်တောရဲ(၄)ဦးစုစုပေါင်း(၁၇)ဦး စုဖွဲ့၍ အောင်လံမြို့နယ်အရှေ့ရိုးမကြိုးဝိုင်း၊အကွက်အမှတ်(၄၇)၊ဒေသအခေါ်သရက်မြောင်အတွင်းနယ်မြေရှင်းလင်းဆောင်ရွက်ရာ၊ပျဉ်းကတိုးခွဲသား ၁၇၁ ချောင်း၊ (၂၈.၆၅၉၀)တန် နှင့် ဒေသအခေါ်မောင်းတီးကြီးချောင်းအတွင်းအကွက်အမှတ်(၄၅) တွင် ကျွန်းခွဲသား ၂၇ ချောင်း (၂.၅၁၁၆)တန်၊ စုစုပေါင်း ကျွန်း၊ ပျဉ်းကတိုးခွဲသား ၁၉၈ ချောင်း(၃၁.၁၇၀၆)တန်အားဖမ်းဆီးရမိခဲ့ပြီးတရားခံများအားရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 25, 2020 - 13:00