သပိတ်ကျင်းမြို့နယ်အတွင်းတရားမဝင်သစ်များဖမ်းဆီးရမိ

၂၃-၅-၂၀၂၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်း (၅)ဦး နှင့် ကျောက်ဖြူကျေးရွာ တာဝန်ခံ ပါ(၂)ဦးတို့ပါဝင်သောအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ ချောင်းကြီးကြိုးဝိုင်း၊ အကွက်အမှတ်(၃၂)၊ ကျောက်ဖြူကျေးရွာ၏အရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကညင်သစ် (၁၁)လုံး (၁၁.၅၅၄)တန်နှင့်မအူသစ် (၃)လုံး (၅.၁၆၈)တန်၊ စုစုပေါင်း (၁၄)လုံး (၁၆.၇၂၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီးတရားခံများအားရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Monday, May 25, 2020 - 13:00