ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဗိုလ်မြတ်ထွန်းတံတား(Toll Gate)အနီး၊ ရဲကင်းရှေ့၊ မိုင်တိုင်အမှတ်(၄၃/၃)နှင့် (၄၃/၄)ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (4K/6997) NISSAN Condor (ဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၃၇၈)ချောင်း (၅.၀၁၁၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, May 27, 2020 - 10:30