မြိုင်မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း အကွက်အမှတ်(၇၁)၊ မြိုင်-ဗဟင်း-ခင်အေးလမ်း၊ မိုင်တိုင်အမှတ်(၂၆/၇)အနီး မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၄-၅-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ တန့်ကြီးတောင်ကြိုးဝိုင်း အကွက်အမှတ်(၇၁)၊ မြိုင်-ဗဟင်း-ခင်အေးလမ်း၊ မိုင်တိုင်အမှတ်(၂၆/၇)အနီး ဖောကား(၄)လုံးထိုး အပြာရောင်(၆)ဘီး(ခေါင်းရှည်)ယာဉ် ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၃၄)ချောင်း (၃.၂၆၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 27, 2020 - 11:15