ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ပန်းတိမ်ပြင်ကျေးရွာ အနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ပန်းတိမ်ပြင်ကျေးရွာအရှေ့မြောက်ဘက်(၂)ဖာလုံခန့်အကွာနေရာတွင် တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေ အောက် ကျွန်းသစ် (၁၅၀)လုံး (၁၀.၄၄၀၀)တန်အား တရားခံ(၁)ဦးနှင့် ပန်းတိမ်ပြင်ကျေးရွာအရှေ့ဘက် ချင်းတွင်းမြစ်နှင့် (၁)ဖာလုံခန့်အကွာနေရာမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ(၄၃)ချောင်း (၀.၄၃၂၄)တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း ကျွန်းသစ်/လုံးပတ်(၃)ပေအောက် ကျွန်းသစ် / အင်ခွဲသားဆိုဒ်စုံ (၁၉၃)လုံး/ချောင်း (၁၀.၈၇၂၄)တန်၊ တရားခံ(၁)ဦးနှင့် သစ်စက်ဆက်စပ်ပစ္စည်း တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, May 27, 2020 - 11:15