ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကျေးရွာမှ ဇီးဖြူပင်ကျေးရွာသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ

၂၇-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကျေးရွာမှ ဇီးဖြူပင်ကျေးရွာသွားကားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ် (MDY 9M/5519) GOVZCT Dump Truck (အနီရောင်) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၁၉၂)ချောင်း (၂)တန်ကျော်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, May 29, 2020 - 10:45