လွိုင်လင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိ

၂၇-၅-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ပန်ခေါက်ဝိုးရဲကင်းအရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (SHN 1E/5734) ဒိုင်နာ(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်(ဆိုဒ်စုံ) (၆၄)ချပ်(၁)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, June 2, 2020 - 10:15