သထုံမြို့နယ်၊ ကြက်တူရွေးသောင်ကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၅-၂၀၂၀ ရက်နေ့တွင် ရ.တ.ခ (၃)မှ ဒု-ဗိုလ်မှူးကြီး ကျော်ဇင် (စစ်ဗျူဟာမှူး) ပါတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်/သထုံမြို့နယ်၊ သစ်တောဦးစီးဌာနတို့မှ ဦးစီးအရာရှိများပါဝင်သောသစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကြက်တူရွေးသောင်ကျေးရွာအနီးတွင် တရားမဝင်ပိတောက် ခွဲသားဆိုဒ်စုံခန့်မှန်း(၁၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး နယ်မြေလုံခြုံရေး အခြေအနေအရ လုံခြုံရေးအကူအညီရယူ၍ သယ်ယူသိမ်းဆည်းရေးနှင့် တိုင်းတာရေးလုပ်ငန်းစဉ်များ အားဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 2, 2020 - 14:15