ဟုမ္မလင်းမြို့နယ်၊ မှိုတောက်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ်၊ မှိုတောက်ကြိုးဝိုင်းအတွင်း တရားမဝင် CHANGCHAI တရုတ်နီ(၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်အင်သစ်/ခွဲသား (၃၉၃)လုံး/ချောင်း (၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 3, 2020 - 10:00