အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ စကားပင်ကျေးရွာ ဘုန်းကြီးကျောင်း တောင်ဘက် (၂)ဖာလုံ၊ ဦးရဲထွန်း(ဘ)ဦးစိုးမြင့် နေအိမ်ဝင်းအတွင်းမှ မော်တော်ယာဉ်အမှတ် (MDY/J 3477) (၁၂)ဘီးခေါင်းပြာဘော်ဒီဖြူ နီဆန်း ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်းခွဲသား (၃၂၂)လုံး (၅)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, June 8, 2020 - 15:00