ပျဉ်းမနားမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၆-၆-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနေပြည့်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဘန့်ဘားအုပ်စု၊ လ္ဘက်တောင် ကျေးရွာ၏ အရှေ့မြောက်ဘက်၊ (၃)မိုင်ခန့်အကွာ၊ လ္ဘက်တောင်- မြလင်း- မြသာကျေးရွာချင်းဆက်လမ်း ဘေးမှ တရားမဝင် ကညင်ခွဲသား (၅၃)ချောင်း (၁၁)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 9, 2020 - 13:15