လှည်းကူးမြို့နယ်၊စာဘူးတောင်းကျေးရွာတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၆-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊စာဘူးတောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအနောက်ဘက် အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်း အတွင်း တရားမဝင်ပျဉ်းကတိုးခွဲသား (၁၂၂)ချောင်း (၅)တန်အား တရားခံ(၁)ဦးနှင့်အတူ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

date: 
Friday, June 12, 2020 - 16:15